How would you describe yourself in one picture?

 မနေ့ကရုံးမှာ colleague တစ်ယောက်နဲ့ သူတက်နေတဲ့သင်တန်းက ပထမနေ့ဆိုတော့ သင်တန်း overview အကြောင်းပြောပြရင်းနဲ့  ရယ်စရာအနေနဲ့ ice breaking session မှာလုပ်ရတဲ့ activity တစ်ခုအကြောင်းသူပြောပြတာကို ထပ်ဆင့်စဉ်းစားမိပြီး ဒီ blog လေးကိုရေးဖြစ်တာပါ။ Activity လေးကတကယ်ရိုးရိုးရှင်းရှင်းလေး။ Online training ဆိုတော့ လူတစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးအောင်ရည်ရွယ်ပြီး Video conferencing account ရဲ့ profile picture ကို မိမိဘဝကိုထင်ဟပ်တဲ့ ပုံတစ်ပုံနဲ့ပြောင်းထားဖို့ပေါ့။ ဘာလို့ဒီပုံကိုရွေးရတာလည်းဆိုတာ ရှင်းပြလိုက်ရင် ဒီလူကိုလည်းမှတ်မိသွားမယ်၊ ဒီလူနဲ့ပတ်သက်တဲ့ personal traits, experience, values တွေကိုလည်း မှတ်မိသွားမယ်ဆိုရင် ပိုရင်းနှီးမှုရှိသွားမယ်ဆိုတဲ့ သဘောကြောင့်ဒီလို activity လုပ်ခိုင်းတယ်လို့ မြင်မိတယ်။ 


အဲ့မှာစတာပဲ။ ငါဆိုရင်ရော ငါ့ဘဝကိုပုံတစ်ပုံတည်းနဲ့ ပုံဖော်ပြပါဆိုရင်ဘာပုံဖြစ်မလဲပေါ့။ Colleague ကတော့ google ခေါက်ပြီးသဘောကျတဲ့ တိရိဆန်တစ်ကောင်ပုံကို တင်လိုက်တယ်တဲ့။ သူပြောနေတဲ့အချိန်မှာပဲ ကိုယ့်ရဲ့ abstract thinking အကျင့်တွေပေါ်ပြီး တအားတွေစဉ်းစားတော့တာပဲ။ ပုံတစ်ပုံတည်းနဲ့ ကိုယ့်ဘဝကိုထင်ဟပ်စေရမှာနော်။ လွယ်မယောင်ယောင်နဲ့ခက်တဲ့ကိစ်စနော်။ ကာလံ၊ဒေသံနဲ့လိုက်ပြီးလည်း ပြောင်းလဲနေမှာလည်းကြိမ်းသေတယ်။ ဒါပေမယ့် တတ်နိုင်သလောက် မပြောင်းမလဲရှိမယ့်အချက်ဆိုပိုကောင်းတာပေါ့။ 


အဲ့မှာရေးရေးလေးပေါ်လာတယ်။ ငါသည် a typical generalist. ငါသည် တစ်ခုကိုအာရုံတအားစိုက်လိုက်လို့ ရမယ့်ကောင်းကျိုးထက် အဲ့လိုတစ်ခုကိုပဲ အာရုံစိုက်လိုက်လို့ လွတ်သွားမယ့်ကျန်တဲ့ဟာတွေကိုပိုစိတ်ပူတယ်။ ငါသည် တစ်ခုခုမှာ တစ်ဖက်စွန်းအရမ်းရောက်မှာကို ကြောက်တဲ့သဘောတောင်ရှိတယ်။ လောကမှာ အောင်မြင်တာရော၊ ပျော်ရွှင်တာရောကိုလိုချင်တယ်၊ ဒီအကျင့်စရိုက်ဟာဆိုရင်လည်း မနေ့တနေ့ကမှ ပေါ်လာတာမဟုတ်၊ ငယ်ငယ်ကတည်းကရှိတဲ့ မွေးရာပါ ပင်ကိုယ်ဗီစဖြစ်တယ် စသဖြင့် ကိုယ်ဟာကို ၃ မိနစ်အမြန် သုံးသပ်ပါသည်ဆိုတဲ့နည်းနဲ့  သုံးသပ်ပြီးကောက်ချက်ချလိုက်တာကတော့ ငါ့ကိုကိုယ်စားပြုတဲ့စကားလုံးဟာ balance ဟန်ချက်ညီခြင်းလို့ ကောက်ချက်ချပလိုက်ပြီးအထူးတွေ နှစ်ထောင်းအားရဖြစ်ရပါတော့တယ်။  အဲ့တာနဲ့ balance ဆိုပြီး google search လုပ်တဲ့အခါမှာပေါ်လာတဲ့ ဒီပုံကိုလည်းတော်တော်ကြိုက်မိသွားတယ်။ ကိုယ့်ကိုကိုယ်လည်း နည်းနည်းလေးပိုပြီးနားလည်လာသလိုထင်မိတယ်။ ကိုယ့်ကိုကိုယ်တောင် ကြည့်တဲ့ရှုထောင့်ပေါ်မူတည်ပြီး အမြင်ကအမျိုးမျိုးပြောင်းနေတာ လူတစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်ဆံရေးတွေဆိုရင်ပိုတောင် အစိုးမရဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ်ပိုနားလည်မှသာ တပါးသူတွေကိုလည်းပိုနားလည်ပေးနိုင်မယ်ထင်တယ်။ ကျွန်မအခုကိုယ့်ဟာကိုယ်မြင်တဲ့အမြင်က အရမ်း positive ဖြစ်နေတာဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ်အပြစ်တွေတင်၊ အမြင်တွေစောင်းနေတာနဲ့စာရင် အများကြီးတော်သေးတယ်ထင်တယ်။ များသောအားဖြင့် လူတွေက ကိုယ့်ကိုကိုယ်ချစ်တာ (self love ကိုဆိုလိုသည်။ selfishness ကို မရည်ညွှန်းပါ)ထက်စာရင် ကိုယ့်ဟာကိုယ်အပြစ်တင်တာပိုများတတ်ကြတယ်လေ။ 


အဲဒါကြောင့် ဒီ self reflection exercise ကိုလည်းတော်တော်သဘောတွေ့သွားပြီး သူများတွေကို စမ်းကြည့်စေချင်တာရော၊ ကွန်ပြူတာမှာ unicode လက်ကွက်စမ်းကျင့်မဟဲ့ဟု ရည်ရွယ်ပြီး ဒီ blog post ကိုမြန်မာလိုရိုက်တင်လိုက်ပါတယ်။ စာဖတ်သူများလည်း ဒီ 3 minutes exercise လေးကိုစမ်းပြီး ပေါ်လာတဲ့ ကိုယ့်ကိုကိုယ်သုံးသပ်ချက်လေးတွေကို comment မှာပြောပြပေးသွားကြပါနော်။

Thank you for taking time to read this post. I plan to write more posts on self reflection, mindfulness, human behaviors in the future so please stay tuned. 

Comments

Popular Posts